ပတ်ဝန်းကျင်ထိခိုက်မှုကိုသက်သာစေသော သစ်ထုတ်ခြင်းနည်းစနစ်

ပတ်ဝန်းကျင်ထိခိုက်မှုကိုသက်သာစေသော သစ်ထုတ်ခြင်းနည်းစနစ်

ပတ်ဝန်းကျင်ထိခိုက်မှုကိုသက်သာစေသော သစ်ထုတ်ခြင်းနည်းစနစ် ( RIL ) ဆိုသည်မှာ သစ်တောများမှ စီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့်လည်းကောင်း၊ သစ်တောနှင့် သစ်တော၏ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းရေးအနေဖြင့်လည်းကောင်း၊ ကောင်းမွန် တိုးတက်သော အကျိုးသက်ရောက်မှုများကို စဉ်ဆက်မပြတ် ရရှိစေရန်အတွက် သစ်ခုတ်လှဲ ထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ငန်းကဏ္ဍအဆင့် အလိုက် တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျစီမံ၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

 

ပတ်ဝန်းကျင်ထိခိုက်မှုကိုသက်သာစေသောသစ်ထုတ်ခြင်းနည်းစနစ်သည် စက်မှုထွန်းကားသော အနောက်နိုင်ငံများတွင် လွန်ခဲ့သည့်နှစ်များစွာကပင် ယန္တရာများအသုံးပြုပြီး အပြောင်ရှင်းခုတ်လှဲ သစ်ထုတ်ခြင်းစနစ်တွင် အသုံးပြုခဲ့ကြပါသည်။ အေးမြသောသစ်တောများ ( Temperate Forest ) များတွင် အသုံးပြုသည့်( RIL )နည်းစနစ်ကို လိုက်လျောညီထွေပြုပြင်ပြီး အပူပိုင်းဒေသသစ်တောများ ( Tropical Forest ) များတွင် အသုံးပြုလာခြင်း ဖြစ်ပါသည်။

 

သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေသည့် အခြေခံအကြောင်းအချက် များတွက် ' သစ်ထုတ်ခြင်း' မှာ အရေးပါသောအချက် ဖြစ်ပါသည်။ စက်မှုကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် သစ်ထုတ်လုပ်ငန်းများတွင် စက်ယန္တရားများ အသုံးပြုခြင်းဖြင့် သစ်ထုတ်လုပ်ငန်းတွင် အင်တိုက်အားတိုက် အသုံးပြုလာခဲ့ကြပါသည်။ စက်ယန္တရားများ အသုံးပြုခြင်းဖြင့် သစ်တောနှင့်မြေဆီလွှာများ ပျက်ဆီးမှု၊ အနာဂတ်ပင်ထောင်များ ထိခိုက်ပျက်ဆီးမှုကို တိုးတက်မြင့် မားလာခြင်းကြောင့် Sustained Yield ထာဝစဉ်ညီတောထွက်ရရှိမှုကို အခြေခံ ဆောင်ရွက်သည့် အပူပိုင်းဒေသသစ်တောများ စီမံအုပ်ချုပ်လုပ်ကိုင်မှု၏ ရည်ရွယ်ချက်နှင့် သွေဖီလျှက် ရှိသဖြင့် အပူပိုင်းဒေသအဖိုးတန်သစ်တောများ ရေရှည်တည်တံ့ရေးအတွက် စနစ်တကျအုပ်ချုပ်ရန် ရည်ရွယ်၍ ပတ်ဝန်းကျင်ထိခိုက်မှုကိုသက်သာစေသော သစ်ထုတ်ခြင်းနည်းစနစ် လမ်းညွှန်ချက်များ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အတွက် သစ်ထုတ်ရေးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိကြသည့် ဝန်ထမ်းများအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

 

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် သစ်ထုတ်ရေးဌာနလက်အောက်ရှိ ဝန်ထမ်းများအားလုံး လက်တွေ့လုပ်ငန်းဆောင်ရွက်ရာ၌ သိရှိလိုက်နာဆောင်ရွက်နေသည့် ပတ်ဝန်းကျင် ထိခိုက်မှုကို သက်သာစေသော သစ်ထုတ်ခြင်းနည်းစနစ် လမ်းညွှန်ချက်များ( Reduced Impact Logging - RIL Guidelines ) စာအုပ်ပါ လမ်းညွှန်ချက်များကို ဖတ်ရှုလေ့လာသိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

 

For the public, the detail can be read here.

© 2024   Myanma Timber Enterprise. All Rights Reserved.