ညႊန္ၾကားခ်က္မ်ား

သစ်ထုတ်ရေးအမှုထမ်းများအမြဲလိုက်နာရန်လက်စွဲ

သစ်ထုတ်ရေးဌာန၏ လုပ်ငန်းတာ၀န်များ အောင်မြင်စေရန် တာ၀န်ယူဆောင်ရွက်နေသော အမာခံ ကျောရိုးဖြစ်သည့် တော၀န်ထမ်းများ၊ ဆင်၀န်ထမ်းများနှင့် ယာဉ်ယန္တရား၀န်ထမ်းများအနေနှင့် သစ်တောဥပဒေကိုလေးစားလိုက်နာပြီး ဌာနမှချမှတ်ထားသည့် လုပ်ငန်းလက်စွဲ၊ အမြဲတမ်းအမိန့်၊ ဌာန ဆိုင်ရာညွှန်ကြားလွှာနှင့် အခါအားလျော်စွာထုတ်ပြန်သော ညွှန်ကြားချက်များကို အမြဲသိရှိလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါသည်။ 

ဌာနဆိုင်ရာညွှန်ကြားလွှာများ ( Departmental Instructions - DI-122 )

သစ်ထုတ်ရေးဌာနသည် ရေရှည်တည်တံ့သောသစ်တောစီမံအုပ်ချုပ်ခြင်းစနစ် ( Sustainable Forest Management - SFM )နှင့် အညီ သစ်တောဦးစီးဌာနမှ မှတ်ရိုက် ပေးထားသော ကျွန်း၊ သစ်မာ၊ ကျွန်းပယ်သစ်နှင့် အခြားသစ်တောထွက်ပစ္စည်းများကိုထုတ်လုပ်ပြီး ပြည်သူလူထု၏ အခြေခံ-စားဝတ်နေရေးလိုအပ်ချက်များအား တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးနေရုံသာမက နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်နေရသည့် ဌာနအဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါသည်။

© 2024   Myanma Timber Enterprise. All Rights Reserved.