အင္ဂ်င္နီယာဌာန

အင်ဂျင်နီယာဌာန

 

နိဒါန်း

 

       မြန်မာ့သစ်လုပ်ငန်းလက်အောက်ရှိ ယာဉ်/ယန္တရားများ၊ သစ်စက်များနှင့် သစ်အခြေခံစက်များအား အသစ်တပ်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ ဝယ်ယူဖြည့်တင်းခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့်ဖြန့်ဖြူးခြင်း၊ စက်မှုဆိုင်ရာအကြံဉာဏ်များပေးခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများအား ကြီးကြပ်ခြင်းစသည်တို့ကို မြန်မာ့သစ်လုပ်ငန်း ရည်မှန်းချက်များနှင့်အညီ ကုန်ထုတ်ဌာနကြီးများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အင်ဂျင်နီယာဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

 

 

အင်ဂျင်နီယာဌာနဖွဲ့စည်းဖြစ်ပေါ်လာခြင်း

 

   ယခင်ဘုံဘေဘားမား (အမှတ် (၃) သစ်စက်)၊ စတီးဘရားသား(အမှတ် (၆) သစ်စက်) စသည်တို့တွင် အင်ဂျင်နီယာဝန်ထမ်းများ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၅၈ ခုနှစ်တွင် ယန္တရားဖြင့် သစ်ထုတ်ခြင်းလုပ်ငန်းအတွက် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ (FAO) မှ နည်းပညာ ကူညီထောက်ပံ့ မှုများပေးခဲ့ပါသည်။ ၁၉၆၀ ခုနှစ်တွင် စက်ယန္တရားဖြင့် လမ်းဖောက်ခြင်း၊ သစ်ဆွဲခြင်း၊ သစ်တိုက်ခြင်း လုပ်ငန်းများကို အထက် ချင်းတွင်းမော်လိုက်ခရိုင်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။

 

       ၁၉၆၃ ခုနှစ်တွင် အင်ဂျင်နီယာဌာနကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။၁၉၆၆ခုနှစ် တွင် လမ်းဖောက်စက်အစီး ၂၀၊ သစ်တင်စက် အစီး၅၀၊သစ်တိုက်ယာဉ် အစီး၆၀ ဝယ်ယူခဲ့ပါသည်။ ၁၉၇၅ ခုနှစ်တွင် အင်ဂျင်နီယာဌာနကို ဝန်ထမ်း(၂၆၃၄)ဦးဖြင့်လည်းကောင်း၊ ၁.၄.၁၉၉၀ တွင် အင်ဂျင်နီယာဝန်ထမ်း (၅၉၅၈) ဦးဖြင့်လည်းကောင်း ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။

 

အင်ဂျင်နီယာဌာန၏ တာဝန်ဝတ္တရားများ

       အင်ဂျင်နီယာဌာန၏ တာဝန်ဝတ္တရားများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

              (က) ယာဉ်၊ ယန္တရားများနှင့်စက်ကရိယာများပြုပြင်ခြင်း

              (ခ) ကြံ့ခိုင်ရေးထိန်းသိမ်းခြင်းလုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲခြင်း

              (ဂ) စက်မှုစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း

              (ဃ) စက်မှုဆိုင်ရာအကြံဉာဏ်များပေးခြင်း

              (င) တီထွင်ခြင်းနှင့်ပြုပြင်ပြောင်းလဲခြင်း

              (စ) ပစ္စည်းများဝယ်ယူဖြည့်တင်းခြင်း

              (ဆ) ပစ္စည်းများသို့လှောင်ထားရှိခြင်းနှင့်ထုခွဲရောင်းချခြင်း

              (ဇ) စက်မှုဆိုင်ရာအမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း

              (စျ) ဆောက်လုပ်ရေးလုပ်ငန်းများအား ကြီးကြပ်ညှိနှိုင်းကွပ်ကဲခြင်း

              (ည) စက်မှုဆိုင်ရာကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်ခြင်း

              (ဋ) ဦးဆောင်ညွှန်ကြားရေးမှူး၏ အခါအားလျော်စွာပေးအပ်သော တာဝန်ဝတ္တရားများကို ဆောင်ရွက်ပေးခြင်း

 

အင်ဂျင်နီယာဌာနဖွဲ့စည်းပုံ

     အင်ဂျင်နီယာဌာန၏ ဖွဲ့စည်းပုံအင်အားအရ အရာထမ်း (၁၆၄) ဦး၊ အမှုထမ်း (၅၇၉၄) ဦး၊ စုစုပေါင်း (၅၉၅၈)ဦးဖြင့် ဖွဲ့စည်း ထားပါသည်။ဖွဲ့စည်းပုံအခြေပြဇယားကို နောက်ဆက်တွဲ(က)ဖြင့် ဖော်ပြထားပါသည်။

 

လက်ရှိဝန်ထမ်းအင်အားအခြေအနေ

      လက်ရှိဝန်ထမ်းအင်အားအခြေအနေမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

 

စဉ်အကြောင်းအရာခွင့်ပြုခန့်ထားလစ်လပ်
(က) အရာထမ်း ၁၆၄ ၁၅၄ ၁၀
(ခ) အမှုထမ်း ၅၇၉၄ ၂၀၃၉ ၃၇၅၅
  စုစုပေါင်း ၅၉၅၈ ၂၁၉၃ ၃၇၆၅

 

အင်ဂျင်နီယာဌာန၊ ရုံးချုပ်ရှိ ဌာနစိတ်များ

     အင်ဂျင်နီယာဌာန၊ ရုံးချုပ်တွင် အုပ်ချုပ်ရေးနှင့်စီမံကိန်းဌာနစိတ်၊ ဝယ်ယူဖြည့်တင်းရေးဌာနစိတ်၊ ယာဉ်/ယန္တရား ဌာနစိတ်၊ သစ်စက်ဌာနစိတ်နှင့် သစ်အခြေခံဌာနစိတ်ဟူ၍ ဌာနစိတ် (၅) ခု ဖြင့်ဖွဲ့စည်း၍ အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။

 

လုပ်ငန်းဆောင်ရွက်နိုင်မှု

      အလုပ်ရုံ၊ စက်ရုံများ၏တစ်နှစ်လျှင်ပြင်ဆင်ပေးနိုင်သည့် ယာဉ်/ယန္တရားအမျိုးအစားနှင့်စီးရေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

စဉ်အလုပ်ရုံအမည်ပြင်ဆင်နိုင်သည့်စီးရေမှတ်ချက်
ယာဉ်ယန္တရားရေ ယာဉ်ပေါင်း
(က) ပင်မအလုပ်ရုံ၊ပျဉ်းမနား ၆၀ ၆၀ - ၁၂၀

ဒိုဇာ၊ လိုဒါ၊ စကစ်ဒါ၊ဂရေဒါ

ယာဉ်ကြီး၊ယာဉ်လတ်၊ယာဉ်ငယ်

(ခ) အခြေစိုက်အလုပ်ရုံ၊မန္တလေး ၆၀ ၄၀ - ၁၀၀

ဒိုဇာ၊ လိုဒါ၊ စကစ်ဒါ၊ဂရေဒါ

ယာဉ်ကြီး၊ယာဉ်လတ်၊ယာဉ်ငယ်

(ဂ) အခြေစိုက်အလုပ်ရုံ၊ပြည် ၄၀ ၄၀ - ၈၀

ဒိုဇာ၊ လိုဒါ၊ စကစ်ဒါ၊ဂရေဒါ

ယာဉ်ကြီး၊ယာဉ်လတ်၊ယာဉ်ငယ်

(ဃ) အခြေစိုက်အလုပ်ရုံ၊ဆွာ ၄၀ ၄၀ - ၈၀

လိုဒါ၊ စကစ်ဒါ၊ဂရေဒါ

ယာဉ်ကြီး၊ယာဉ်လတ်၊ယာဉ်ငယ်

(င) အခြေစိုက်အလုပ်ရုံ၊ရန်ကုန် ၄၀ ၄၀ - ၈၀

လိုဒါ၊ စကစ်ဒါ၊ဂရေဒါ

ယာဉ်ကြီး၊ယာဉ်လတ်၊ယာဉ်ငယ်

(စ) ရေယာဉ်နှင့်ပို့ဆောင်ရေးဌာနစိတ် ၁၀၀ - ၂၀ ၁၂၀

ဖောင်ဆွဲရေယာဉ် သံခွံ

ယာဉ်လတ်၊ယာဉ်ငယ်
(ဆ) အထက်မြန်မာပြည်သင်္ဘောကျင်း - - ၁၂ ၁၂

ဖောင်ဆွဲရေယာဉ်

သစ်သားခွံ၊ သံခွံ
(ဇ) ပင်မစက်ပြင်အလုပ်ရုံ(သစ်စက်) - - - - အကြီးစားသစ်စက် အရန်ပစ္စည်း (၂၀) ခု
(စျ) ကော်စက်ရုံ၊ ဝါးတရာ - -   -

ယူရီးယားဖော်မယ်ဒီဟိုက်

ကော်ရည် (၆၀၀၀) တန်
(ည) ပင်ပစ္စည်းဌာနစိတ် - -   - ပစ္စည်းအမျိုးပေါင်း(၇၀၀၄)မျိုး

 

 

အင်ဂျင်နီယာဌာနညွှန်ကြားလွှာများ

 

     အင်ဂျင်နီယာဌာနမှထုတ်ပြန်ထားသည့် ညွှန်ကြားလွှာများမှာ အုပ်ချုပ်မှုနှင့်စီမံကိန်း ဆိုင်ရာ လုပ်ငန်းများ အတွက် ညွှန်ကြားလွှာ (၆) ခု၊ ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ လုပ်ငန်းများအတွက် ညွှန်ကြားလွှာ(၄)ခု၊ယာဉ်/ယန္တရားပိုင်းဆိုင်ရာ လုပ်ငန်းများအတွက် ညွှန်ကြားလွှာ (၂၀) ခုနှင့် သစ်စက်/ သစ်အခြေခံစက်ပိုင်းဆိုင်ရာ လုပ်ငန်းများအတွက် ညွှန်ကြားလွှာ  (၉) ခုတို့ ဖြစ်ပါသည်။

 

ယာဉ်/ယန္တရားပြင်ဆင်ရေးလုပ်ငန်း

 

     ယာဉ်/ယန္တရားပြင်ဆင်ခြင်းလုပ်ငန်းများတွင် အကြီးစားနှင့်အလတ်စား ပြင်ဆင်ခြင်း များကို  အလုပ်ရုံများတွင် (၆) လပတ်ပြင်ဆင်ရေး စီမံချက်များ ဖြင့်ပြင်ဆင်ပြီး၊ သာမန်နှင့်အသေးစား ပြင်ဆင်ခြင်း လုပ်ငန်းများကို ပြည်နယ်/တိုင်းဒေသကြီးများရှိ စက်ပြင်စခန်းများတွင် လည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် လည်းကောင်း၊ မိမိအစီအစဉ်ဖြင့် ပြင်ဆင်ပါသည်။ နှစ်အလိုက်ပြင်ဆင်ဆောင်ရွက် နိုင်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

စဉ်ခုနှစ်အလုပ်ရုံပို့(စီမံချက်)
ယာဉ်/ယန္တရားစီးရေ
ပြည်နယ်/တိုင်း(မိမိအစီအစဉ်)
ယာဉ်/ယန္တရားစီးရေး
(က) ၂၀၀၆-၂၀၀၇ ၅၀၂ ၉၀၇
(ခ) ၂၀၀၇-၂၀၀၈ ၄၄၅ ၁၃၃၃
(ဂ) ၂၀၀၈-၂၀၀၉ ၄၂၉ ၁၅၁၇
(ဃ) ၂၀၀၉-၂၀၁၀ ၃၃၂ ၁၆၃၆
(င) ၂၀၁၀-၂၀၁၁ ၃၈၅ ၁၅၂၆
(စ) ၂၀၁၁-၂၀၁၂ ၄၅၃ ၁၆၅၈

 

 

 

ဝယ်ယူဖြည့်တင်းရေးလုပ်ငန်း

     ပြည်တွင်း/ပြည်ပဝယ်ယူဖြည့်တင်းရေးလုပ်ငန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

 

            (က) ပြည်တွင်းပစ္စည်းဝယ်ယူဖြည့်တင်းခြင်း (ကျပ်သန်း)

 

ပစ္စည်းအမျိုးအမည်၂၀၀၈-၂၀၀၉၂၀၀၉-၂၀၁၀၂၀၁၀-၂၀၁၁၂၀၁၁-၂၀၁၂

တာယာ၊ဘက်ထရီ၊ ချောဆီ၊ ဘိလပ်မြေ၊ ဝတ်စုံ၊ရုံးသုံးစာရေးကရိယာ

၁၄၅၇.၁၂ ၂၀၅၃.၁၉ ၁၇၈၀.၁၇ ၂၂၅၆.၇၅

 

            (ခ) ပြည်ပပစ္စည်းဝယ်ယူဖြည့်တင်းခြင်း (အမေရိကန်ဒေါ်လာ)

 

ပစ္စည်းအမျိုးအမည်၂၀၀၈-၂၀၀၉၂၀၀၉-၂၀၁၀၂၀၁၀-၂၀၁၁၂၀၁၁-၂၀၁၂
Spare Parts for Dozer, Loader, Logging Truck, Sawmill & Other ၂.၄၉၆ ၄.၃၅ ၁.၈၅ ၁.၃၅

 

 

 

တာယာ၊ ဘက်ထရီ၊ စက်ဆီ၊ ချောဆီများ ဖြန့်ဝေထုတ်ပေးခြင်း

 

       ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ဒေသအသီးသီးသို့ ဖြန့်ဝေထုတ်ပေးမှုအခြေ အနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

စဉ်ဌာနအမည်တာယာ
9.00, 11.00
ဘက်ထရီ
20,150,200
ချောဆီ
10,30,40,50,90,140
၂၀၁၀-၁၁၂၀၁၁-၁၂၂၀၁၀-၁၁၂၀၁၁-၁၂၂၀၁၀-၁၁၂၀၁၁-၁၂
(က) သစ်ထုတ်ရေး ၃၀၇၉ ၃၇၉၂ ၁၆၂၁ ၁၅၅ ၇၆၆ ၉၈၆
(ခ) ပြည်ပရောင်းစက် ၄၃၆ ၅၁၂ ၂၅၅ ၉၁ ၅၈ ၅၄
(ဂ) ပြည်တွင်းရောင်းစက် ၁၃၂ ၁၅၈ ၁၉၇ ၇၈ ၅၃ ၅၆
(ဃ) သစ်အခြေခံ ၅၀ ၆၈ ၉၃ ၃၀ ၁၅ ၂၃
(င) အင်ဂျင်နီယာ ၁၈၀ ၁၀၆ ၄၅၂ ၁၄၉ ၄၀၂ ၁၉၉
(စ) စီမံကိန်း၊ စီမံ၊ ဘဏ္ဍာ ၅၂ ၂၅ ၄၃ ၁၆ ၁၂
  စုစုပေါင်း ၃၉၂၉ ၄၆၆၁ ၂၆၆၁ ၅၀၇ ၁၃၁၀ ၁၃၃၀

 

တီထွင်ကြံဆဆောင်ရွက်ခြင်း

 

   အင်ဂျင်နီယာဌာနအနေဖြင့် မိမိတို့၏အသိပညာ၊ အတတ်ပညာများကိုအသုံးပြု၍အလုပ်ရုံ များတွင် တီထွင်ကြံဆခြင်းလုပ်ငန်းများကို အောက်ပါအတိုင်းစီစဉ်ဆောင်ရွက်ခဲ့ကြပါသည်-

 

              (၁) Log Carriage များထုတ်လုပ်ခြင်း

              (၂) သစ်တိုက်ယာဉ်များအား ဖရိန်အရှည်ဆက်ခြင်း

              (၃) လိုဒါ/စကစ်ဒါ/ရေယာဉ်များတွင်  အင်ဂျင်ပြောင်းလဲတပ်ဆင်ခြင်း

              (၄) ကလပ်လိုဒါများတွင် Brake System တီထွင်တပ်ဆင်ပေးခြင်း

              (၅) ရေယာဉ်မှ Shottle Gear တီထွင်တပ်ဆင်ခြင်း၊ Transfer Gear Box

 

တီထွင်တပ်ဆင်ခြင်း

 

             (၆) ယာဉ်/ယန္တရား/သစ်စက်အရန်ပစ္စည်းများထုတ်လုပ်ခြင်း

             (၇) တွင်ခုံတစ်လုံးအား အင်ဂျင်နှင့်ဂီယာဘောက်တီထွင်တပ်ဆင်ခြင်း

 

နိဂုံး

 

   မြန်မာ့သစ်လုပ်ငန်း၊ အင်ဂျင်နီယာဌာနသည် စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက် ကြိုတင်ကြံ့ခိုင်ထိန်းသိမ်းခြင်းစံနစ်၊ ပျက်လျှင်အမြန် ပြင်ဆင်ခြင်းစံနစ်တို့ကို ချမှတ်၍လည်ကောင်း၊ ပြင်ဆင်မှုအရည်အသွေးမြင့်မားရေး၊ ကုန်ကျစရိတ်သက်သာစေရေး၊ အမြန်ဆုံးပြင်ဆင်ပြီးစီးရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဝန်ထမ်းများစိတ်ဓါတ်မြင့်မားရေးစသည့် လုပ်ငန်းစဉ်(၅) ရပ်ကိုချမှတ် ၍လည်းကောင်း၊ စက်ပြင်ဝန်ထမ်းများ ခါးဆက်မပြတ်စေရေးအတွက်လည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်း ၏ရည်မှန်းချက်တာဝန် များအောင်မြင်ရေးအတွက် လည်းကောင်း၊ အခြားဌာနများ နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျှက်ရှိပါကြောင်း  တင်ပြအပ်ပါသည်။

 

© 2024   Myanma Timber Enterprise. All Rights Reserved.