
ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန FAQ

မေးခွန်း(၁)။ ။မိမိတို့နေအိမ်များ ပြုပြင်ဆောက်လုပ်ရန်အတွက် မြန်မာ့သစ်လုပ်ငန်းမှ သစ်များကို ၀ယ်ယူလိုပါသည်။ မည်ကဲ့သို့၀ယ်ယူရမည်ကို ဖြေကြားပေးနိုင် ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အဖြေ(၁)။ ။ပြည်နယ်/တိုင်းဒေသအသီးသီးရှိ မြန်မာ့သစ်လုပ်ငန်းမှဖွင့်လှစ်ရောင်းချလျှက် ရှိသော သစ်ဆိုင်များတွင် ဆက်သွယ်၀ယ်ယူနိုင်ပါသည်။

မေးခွန်း(၂)။ ။ မြန်မာ့သစ်လုပ်ငန်းမှ ရောင်းချပေးမည့် သစ်စျေးနှုန်းကို သိရှိလိုပါသည်။

အဖြေ(၂)။ ။ မြန်မာ့သစ်လုပ်ငန်း၏မူရင်းသတ်မှတ်စျေးနှုန်းတွင်သစ်ဆိုင်အရောက်သယ်ပို့ စရိတ်၊ ကုန်သွယ်ခွန်တို့ ထည့်သွင်းတွက်ချက်သည့် စျေးနှုန်းဖြင့် ရောင်းချ ပေးလျှက်ရှိပါသည်။

မေးခွန်း(၃)။ ။မိမိတို့ပိုင်သစ်စက်များတွင် အသုံးပြုရန်အတွက် ကုန်ကြမ်းသစ်လုံးများကို ရောင်းချပေးရန် ရှိ/မရှိ သိလိုပါသည်။

အဖြေ(၃)။ ။ပြည်တွင်းသုံး ကျွန်း၊ သစ်မာ သစ်လုံးများ ၊ ပုံစံ(၈)ဖမ်းဆီးရ သစ်လုံးများကို ပြည်တွင်းရောင်း/စက် ဌာန၊ နယ်/ဒေသများတွင် လေလံတင်ရောင်းချလျှက် ရှိ ပါသည်။ လေလံတင်ရောင်းချမည့်သစ်မျိုးအရေအတွက်တို့ကို မြန်မာ့သစ်လုပ်ငန်း ၏ Website ဖြစ်သော localhost/mte/ တွင်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်း/ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင်လည်းကောင်း၊ ပြည်တွင်းရောင်း/စက်၊သစ်စက်၊ရုံးတို့တွင်လည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်း/စက် (ရုံးချုပ်) ကြော်ငြာသင်ပုန်းတွင်လည်းကောင်း ကြေငြာ ဆောင်ရွက်လျှက်ရှိပါသည်။

© 2024   Myanma Timber Enterprise. All Rights Reserved.