သစ်ထုတ်ရေးအမှုထမ်းများအမြဲလိုက်နာရန်လက်စွဲ

သစ်ထုတ်ရေးအမှုထမ်းများအမြဲလိုက်နာရန်လက်စွဲ

သစ်ထုတ်ရေးဌာန၏ လုပ်ငန်းတာ၀န်များ အောင်မြင်စေရန် တာ၀န်ယူဆောင်ရွက်နေသော အမာခံ ကျောရိုးဖြစ်သည့် တော၀န်ထမ်းများ၊ ဆင်၀န်ထမ်းများနှင့် ယာဉ်ယန္တရား၀န်ထမ်းများအနေနှင့် သစ်တောဥပဒေကိုလေးစားလိုက်နာပြီး ဌာနမှချမှတ်ထားသည့် လုပ်ငန်းလက်စွဲ၊ အမြဲတမ်းအမိန့်၊ ဌာန ဆိုင်ရာညွှန်ကြားလွှာနှင့် အခါအားလျော်စွာထုတ်ပြန်သော ညွှန်ကြားချက်များကို အမြဲသိရှိလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါသည်။ “အမှုထမ်းများအမြဲလိုက်နာရန် အမိန့်လက်စွဲ” စာအုပ်၌ ၀န်ထမ်းများ အနေဖြင့် လက်တွေ့လုပ်ငန်းဆောင်ရွက်ရာ၌ မိမိတို့၌ သတ်မှတ်ထားရှိအပ်သော တာဝန်၀တ္တရားများ၊ လုပ်ငန်းခွင်လိုက်နာကျင့်သုံးရမည့် စည်းကမ်းနှင့်လုပ်ငန်းစဉ်များ၊ စာရင်းမှတ်တမ်းရေးသွင်းနည်းများ၊ သစ်မထုတ်မီကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များ၊ သစ်ထုတ်လုပ်ငန်းဆောင်ရွက်ရာ၌ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ သစ်ထုတ်ပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ဌာနဆင်များ၏ သွင်ပြင်လက္ခဏာနှင့် ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်နည်းစနစ်များနှင့် လုပ်ငန်း ခိုင်းစေရာတွင် လိုက်နာရမည့်အချက်များ၊ ယာဉ်ယန္တရားများထိန်းသိမ်းကြံ့ခိုင်မှုပြုလုပ်ရန် နည်းစနစ် များနှင့် ဌာနပိုင်ပစ္စည်းများ ထိန်းသိမ်းထားသိုပုံစံနစ်များအား ဖော်ပြပါရှိပါသည်။

 

သို့ဖြစ်ပါ၍ သစ်ထုတ်ရေးဌာနလက်အောက်ရှိ ၀န်ထမ်းများအားလုံးအနေနှင့် အမှုထမ်းများ အမြဲလိုက်နာရန်အမိန့်လက်စွဲ (Standing Order for Extraction Staff - SOS) စာအုပ်ပါ လုပ်ငန်း တာ၀န်များ၊ စည်းကမ်းချက်များ၊ သတ်မှတ်ချက်များကို ဆည်းပူးလိုက်နာပြီး လုပ်ငန်းခွင်တွင် လက်စွဲ အဖြစ် အသုံးပြုဆောင်ရွက်နေသည့်အတွက် ပြည်သူလူထုအနေဖြင့် သိရှိလေ့လာနိုင်ရန် ဖော်ပြအပ် ပါသည်။

© 2024   Myanma Timber Enterprise. All Rights Reserved.