အနာဂတ္အစီအစဥ္

အနာဂတ်အစီအစဉ်

မြန်မာ့သစ်လုပ်ငန်းအနေနဲ့ စီးပွားရေးဆန်ဆန် လွတ်လပ်စွာ ဆောင်ရွက်နိုင်မယ့်နိုင်ငံပိုင်စီးပွားရေးကော်ပိုရေး ရှင်းအဖြစ် ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု အနေနဲ့နိုင်ငံတော်ကပဲ(State Ownership)အဖြစ် ထားရှိပြီး စီမံခန့်ခွဲမှုကိုတော့ပုဂ္ဂလိကကုမ္ပဏီတစ်ခုအသွင် လုပ်ကိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုလုပ်ကိုင်တဲ့နေရာမှာမြန်မာ နိုင်ငံ ကုမ္ပဏီများအက်ဥပဒေ (၁၉၁၄)၊ အထူးကုမ္ပဏီများအက်ဥပဒေ (၁၉၅၀)နဲ့ တည်ဆဲဖြစ်တဲ့နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများဥပဒေ (၁၉၈၉)တို့ကို ဥပဒေ မူဘောင်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့မှ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန် ဖွဲ့စည်းမှာဖြစ်ပါတယ်။

မြန်မာ့သစ်လုပ်ငန်းအနေနဲ့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲ ရေးမူဘောင်အတွင်းကနေပြီးတည်ဆဲဥပဒေ၊ ပြဌာန်းချက်များနဲ့အညီ မိမိတို့ရဲ့ရှေ့မှာCorporatization သွားနေတဲ့အဖွဲ့အစည်းတွေ၊ သွားဖို့ပြင်ဆင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာရဲ့ အတွေ့အကြုံများကိုလေ့လာပြီး အကောင်းဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာ့သစ်လုပ်ငန်းကိုကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းတဲ့ အစီအစဉ်မှာ ပိုင်ရှင်ဟာ နိုင်ငံတော် (State) ဖြစ်ပါတယ်။တစ်နည်း အားဖြင့်ပိုင်ရှင်ဟာ ပြည်သူဖြစ်ပါတယ်။ ဒါကြောင့် ပိုင်ရှင်ရဲ့ အခွင့်အရေး အကာအကွယ်ပေးရေး ဟာမဖြစ်မနေ အလေးထားဆောင်ရွက်ရမယ့် တာဝန် ဖြစ်ပါတယ်။

ပိုင်ရှင်ဟာ နိုင်ငံတော် (State) ဖြစ်ပါတယ်။ ဒါကြောင့် ယေဘုယျအားဖြင့် ဒါရိုက်တာအဖွဲ့ဝင်များဟာနိုင်ငံတော်ကို ကိုယ်စားပြုတဲ့သူတွေ၊ လုပ်ငန်းကျွမ်းကျင်မှုရှိသူတွေ၊ အများပြည်သူရဲ့ အကျိုးစီးပွားကို အလေးထားသူတွေ ဖြစ်ပါမယ်။ ဒါ့အပြင် နိုင်ငံတော်က ယုံကြည်ကိုးစားတဲ့ သမာသမတ်ရှိတဲ့ သူတွေလည်းဖြစ်ရပါမယ်။မြန်မာ့သစ်လုပ်ငန်းဟာ လက်ရှိလည်း ၁၀၀% နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းဖြစ်ပါတယ်။ ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းတယ် ဆိုပေမယ့် စီမံခန့်ခွဲသူများကတော့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေပဲ ဖြစ်မှာပါ။ သို့သော်လည်း အဖွဲ့အစည်းရဲ့အသွင်အားဖြင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုလို စီးပွားရေး ဆန်ဆန် စွမ်းဆောင်ရည်နဲ့ (Efficiency Commercialization) ကို ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းအတွင်းမှာ လိုအပ်သလို ပြန်လည်ဖွဲ့စည်း တည်ဆောက်မှု (Restructuring) လုပ်သွားရမှာဖြစ်ပါတယ်။

© 2024   Myanma Timber Enterprise. All Rights Reserved.