
ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန FAQ

မေးခွန်း(၁)။ သစ်လုံးကုန်ကြမ်းများမည်ကဲ့သို့ဝယ်ယူရရှိ နိုင်ပါသနည်း။

အဖြေ ။ ။မြန်မာ့သစ်လုပ်ငန်း၊ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ ကြို့ကုန်း (တော်ဝင်ခန်းမ)တွင် လစဉ်ကျင်းပ ပြုလုပ်သော

  1. Open Tender
  2. Special Open Tender တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ဝယ်ယူနိုင်ပါသည်။

လပ်ပုံအလိုက် အမြင့်ဆုံးစျေးပေးသူကို ထိုတင်ဒါခန်းမ၌ပင် တစ်ပြိုင်တည်းပွင့်လင်းမြင်သာစွာ ကြေညာ ရောင်းချ ပေးပါသည်။

မေးခွန်း(၂)။ ။အိတ်ဖွင့်တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုပါက မည်ကဲ့သို့ဆောင်ရွက်ရပါမည်နည်း။

အဖြေ။ ။အောက်ဖော်ပြပါအချက်များ လိုအပ်ပါသည်-

  1. ကုမ္ပဏီမှတ်ပုံတင်နှင့် ထုတ်ကုန်သွင်းကုန်လိုင်စင်ရှိရပါမည်။
  2. ငွေကြေးခိုင်လုံမှုဘဏ်အထောက်အထားရှိရပါမည်။
  3. နိုင်ငံခြားကုမ္ပဏီများအတွက်သမာဓိအာမခံကြေး( Earnest Money) US$ 10000 ရှိရမည်။
  4. မြန်မာကုမ္ပဏီများအတွက် သမာဓိအာမခံကြေး (Earnest Money) US$ 5000 ရှိရပါမည်။

မေးခွန်း(၃)။ ။မည်သည့်ငွေကြေးစနစ်ဖြင့်ရောင်းချပါသနည်း။

အဖြေ ။ ။အမေရိကန်ဒေါ်လာငွေကြေးစနစ်ဖြင့်ရောင်းချပါသည်။

မေးခွန်း(၄)။ သစ်ဖိုးငွေပေးသွင်းရာတွင် ငွေပေးသွင်းမှု နည်းလမ်း ကိုဖော်ပြပါ။

 အဖြေ ။ ။စင်္ကာပူနိုင်ငံရှိ UOB, OCBC, DBS ဘဏ်များမှ (MFTB) သို့ ကြေးနန်းဖြင့်ငွေလွှဲပို့စနစ် (Tested Telex)ဖြင့် သစ်ဖိုးငွေပေးသွင်းရပါသည်။ PAA / LC စနစ်၊ (Payment Against Ready Acceptance Cargo ) စနစ်ဖြင့် (MFTB) သို့ ငွေလွှဲစာတမ်းဖွင့်လှစ်၍ ငွေပေးသွင်းနိုင်ပါသည်။

 

မေးခွန်း(၅)။ ။မြန်မာ့သစ်လုပ်ငန်းမှ ပုံမှန် ကျွန်း/သစ်မာ ကုန်ကြမ်း၀ယ်လို့ရမလား။

အဖြေ ။ ပုံမှန်အားဖြင့် ပြည်ပရောင်း၀ယ်ရေးနှင့်သစ်စက်ဌာနနှင့် ပြည်တွင်းရောင်း၀ယ်ရေးနှင့် သစ်စက် ဌာနများမှ လစဉ် ကျွန်း/သစ်မာသစ်လုံး အိတ်ဖွင့်တင်ဒါများကို ရက်သတ္တပတ် (၃)ပတ် ကြိုတင်ပြီး သတင်းစာများ၊ ဂျာနယ်များ၊ localhost/mte/ web-site များတွင် ကြေညာပြီး ရောင်းချပေးလျက်ရှိပါသည်။ လေ့လာကြည့်ရှု၊ ပုံမှန်၀ယ်ယူနိုင်ပါသည်။

 

မေးခွန်း(၇)။ ။သစ်ဝယ်ယူသူများသည် ဘဏ်အာမခံ(Bank Guarantee) မည်သို့ထားရမည်နည်း။

အဖြေ ။ ။တင်ဒါ / အိတ်ဖွင့်တင်ဒါအတွက် ပြည်ပကုမ္ပဏီများမှ US$ 10000/-၊ ပြည်တွင်းကုမ္ပဏီများမှ US$ 5000/- ထားရှိရပါမည်။ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB) တွင် ထားရှိရပါသည်။

မေးခွန်း(၈)။ ။ပြည်ပတင်ပို့ရန်အတွက်ဝယ်ယူနိုင်သည့် ကျွန်းခွဲသားများအတွက်ဆောင်ရွက်သည့် အစီအစဉ် အား သိလိုပါသည်။

အဖြေ ။ ။မြန်မာ့သစ်လုပ်ငန်း၏အစီအစဉ်ဖြင့်လည်ပတ်နေသော သစ်စက်(၁)စက် ရှိပါသည်-

(က) အမည် - အမှတ်(၁)သစ်စက်

(ခ) ထုတ်လုပ်မှုအစီအစဉ် - မြန်မာ့သစ်လုပ်ငန်းအစီအစဉ်ဖြင့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

(ဂ) ထုတ်လုပ်သည့်ကုန်ပစ္စည်း- ဒုသစ်၊ တိုင်သစ်၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ သစ်ခွဲသားများ

(ဃ) ရောင်းချသည့်နည်းစနစ် - အိတ်ဖွင့်လေလံစနစ်ဖြင့်ရောင်းချပေးပါသည်။

(င) ငွေပေးချေမှု - နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ)ဖြင့်ပေးချေရပါသည်။

(စ) စျေးနှုန်း - သတ်မှတ်သစ်ခွဲသားစျေးနှုန်းအား သစ်စက်ဌာနခွဲတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

မေးခွန်း(၁၀)။ ။ ပြည်ပတင်ပို့ရန် မည်သည့်သစ်ခွဲသားများ ၀ယ်ယူရရှိနိုင်ပါသနည်း။

အဖြေ ။ ။ ထုတ်လုပ်ရောင်းချလျက်ရှိသည့်သစ်ခွဲသားအမျိုးအစားများ-

  • (က) ဒုသစ် ၊ တိုင်သစ်
  • (ခ) ရှဉ့်ကြီး၊ ရှဉ့်ငယ်၊ ရှဉ်ပျဉ်၊ သင်္ဘောခင်းပျဉ်(အထူးတန်းများ)
  • (ဂ) ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ သစ်ခွဲသားများ ဖြစ်ပါသည်။

မေးခွန်း(၁၁)။ ။မြန်မာ့သစ်လုပ်ငန်းသည် မည်သည့်သစ်လုံးတိုင်းတာနည်းစနစ် အသုံးပြု ပါသနည်း။

အဖြေ။ ။မြန်မာ့အဖိုးတန်သစ်တောသယံဇာတများဖြစ်သော ကျွန်း/သစ်မာသစ်လုံးများအား တိုင်းတာသည့်နည်းစနစ် သည် ၁၇၃၆ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး Mr Edward Hoppus တီထွင်ကျင့်သုံးစေခဲ့သော နည်းစနစ်အတိုင်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါသစ်လုံးတိုင်းတာနည်းကို Hoppus Measureဟုခေါ်ဆိုပါသည်။ ကျွန်း/သစ်မာသစ်လုံး များအား တိုင်းတာရာတွင် Hoppus Measure စနစ်ဖြင့်အောက်ပါအတိုင်းတိုင်းတာပါသည်-

  • သစ်တစ်လုံးချင်းစီ၏ပေရှည်ကိုထိပ်နှစ်ဖက် အစမှအဆုံး အထိ (ငါးလူး/နဖါးအပါအဝင်)တိုင်းတာရပါသည်။ အရှည်(၆")နှင့်အထက်ကို (၁')တိုးယူ၍ (၆")အောက်ကို ထည့်မတွက်ရပါ။
  • သစ်လုံး၏ ခါးလယ်လုံးပတ်အားတိုင်းတာရာတွင် ထိုသစ်လုံး၏အမှန်တကယ်ရှိသော ပေ/လက်မ၏ အလယ်ဗဟိုတွင် တိုင်းတာရပါသည်။ လုံးပတ်(၀.၅") နှင့်အထက်ကို (၁" ) တိုးယူပြီး၊ ( ၀.၅") အောက်ကို ထည့်မတွက်ပါ။
  •  ပုံသဏ္ဍာန်မမှန်သော သစ်လုံးများနှင့် ခါးလယ်လုံးပတ် ပုံမှန်အနေအထားမရှိပါက ခါးလယ်မှနေ၍ တစ်ဘက်စီသို့ ညီမျှသောအကွာအဝေးနှစ်နေရာ တွင် လုံးပတ်တိုင်းတာ၍ ပျမ်းမျှယူရပါသည်။
  • Hoppus Measure အရ သစ်လုံး၏ တန်ပမာဏကို တွက်ချက်ရန်အတွက် အောက်ဖော်ပြပါ ပုံသေနည်းကို အသုံးပြုပါသည်။ သစ်တစ်တန်တွင် ကုဗပေ ၅၀ရှိသည်ကိုအခြေခံ၍ သစ်လုံး၏တန်ကို တွက်ချက်ပါသည်။

 

မေးခွန်း(၁၂)။ ။ကျွန်းသစ်လုံးအတန်းအစားများအကြောင်း သိလိုပါသည်။

အဖြေ   ။။ကျွန်း/သစ်မာသစ်လုံးများအားအတန်းအစားခွဲခြားသတ်မှတ်ရာတွင် သစ်လုံးတွင်တွေ့ရှိရသော အပြစ်အနာများအပေါ်မူတည်၍ သစ်အတန်းအစား ခွဲခြားသည့် မြန်မာ့သစ်လုပ်ငန်း၏ ကျွန်းသစ်အတန်းအစားခွဲခြားနည်း (Grading Rule for Teak Log)အရ သစ်လုံးများအား အတန်းအစား များခွဲခြားသတ်မှတ်၍ ရောင်းချလျက်ရှိပါသည်။ ကျွန်းသစ်လုံးများကို အတန်းအစားခွဲခြားသတ်မှတ်ရာတွင် သစ်ပါးလွှာအတန်းအစားနှင့် စက်ခွဲအတန်းအစားဟူ၍ အောက်ပါအတိုင်း(၂)မျိုး ခွဲခြားသတ်မှတ်ရောင်းချပါသည်။

  • (က) သစ်ပါးလွှာအတန်းအစားများ( Veneer Quality)
    • (၁) အထူးတန်း(ကြယ်ငါးပွင့်) (AY/SPECIAL)(Admiral Yield)
    • (၂) ပထမတန်း(ကြယ်လေးပွင့်) ( First Quality )
    • (၃) ဒုတိယတန်း(ကြယ်သုံးပွင့် )( Second Quality )
    • (၄) တတိယတန်း(ကြယ်နှစ်ပွင့်) ( Third Quality )
    • (၅) စတုတ္ထတန်း(ကြယ်တစ်ပွင့်) ( Fourth Quality )
  • (ခ) စက်ခွဲအတန်းအစားများ ( Sawing Quality )
    • (၁) စက်ခွဲအတန်းအစား(၁) Sawing Grade (1)
    • (၂) စက်ခွဲအတန်းအစား(၂) Sawing Grade (2)
    • (၃) စက်ခွဲအတန်းအစား(၃) Sawing Grade (3)
    • (၄) စက်ခွဲအတန်းအစား(၄) Sawing Grade (4)
    • (၅) စက်ခွဲအတန်းအစား(၅) Sawing Grade (5)
    • (၆) စက်ခွဲအတန်းအစား(၆) Sawing Grade (6)
    • (၇) စက်ခွဲအတန်းအစား(၇) Sawing Grade (7)
    • (၈) စက်ခွဲအတန်းအစား(၈) Sawing Grade (8)
    • (၉) စက်ခွဲအတန်းအစား(၉) Sawing Grade (9)
    • (၁၀) သစ်လုံးတို Short Log
    • (၁၁) ဆုံပိုင်းတို Log Ends
    • (၁၂) ပင်ကြပ်တိုင် Thinning Post
    • (၁၃) ပင်ကြပ်မျော Thinning Pole
    • (၁၄) ကိုင်းဖျား၊ကိုင်းနား Tops & Lops

မေးခွန်း(၁၃)။ ။ထုတ်လုပ်သည့်ဒေသအလိုက် ကျွန်းသစ်လုံးအတန်းအစားများ သိလိုပါသည်။

အဖြေ ။ ။ကျွန်း/သစ်မာသစ်လုံးများအား အတန်းအစားခွဲခြားသတ်မှတ်ရာတွင် ကျွန်းသစ်၏သဘာဝသည် ရေ၊ မြေ၊ ရာသီဥတုအလိုက် ၊အသားထွက်နှုန်း နှင့် မာကြောလှပမှု မတူကွဲပြားခြင်းတို့ကြောင့် သစ်၏အရည်အသွေး ပြောင်းလဲသဖြင့် ကျွန်းသစ်ထုတ်လုပ်ထွက်ရှိသည့် ဒေသအလိုက် ကျွန်းသစ်လုံး အတန်းအစားများလည်း အောက်ပါအတိုင်း ခွဲခြားသတ်မှတ် ရောင်းချပါသည်−

export faq01

မေးခွန်း(၁၄)။ ။သစ်မာသစ်လုံးအတန်းအစားများအကြောင်း သိလို ပါသည်။

အဖြေ။ ။သစ်မာသစ်လုံးများအနက် ပိတောက်သစ်လုံးမှအပ ကျန်သစ်မာအမျိုးအစားများကို  ပြည်ပရောင်းတန်းဝင် အတန်းအစား Export Quality (EQ) နှင့် အရည်အသွေးနိမ့်အတန်းအစား   Export   Rejection   (ER) ဟူ၍ သစ်အတန်းအစား ခွဲခြားသတ်မှတ် ဆောင်ရွက်ပါသည်။  

ပိတောက်သစ်လုံးကိုသာ အောက်ပါအတိုင်းသစ်လုံးအတန်းအစား ခွဲခြားသတ်မှတ်ရောင်းချလျက်ရှိပါသည်-

  • (က) ပထမတန်းစား ( First Quality )
  • (ခ) ဒုတိယတန်းစား ( Second Quality )
  • (ဂ) တတိယတန်းစား ( Third Quality )
  • (ဃ) စတုတ္ထတန်းစား ( Fourth Quality )
  • (င) ရောနှောအတန်းအစား ( Assorted Quality )
  • (စ) အရည်အသွေးနိမ့်အတန်းအစား (Export Rejection )

မေးခွန်း(၁၅)။ ။ကျွန်း/သစ်မာသစ်လုံးများ သိုလှောင်ထားရှိသည့် သစ်ဆိပ် နေရာများကို သိလိုပါသည်။

အဖြေ ။ ။ ပြည်တွင်းပြည်ပသစ်စျေးကွက်များသို့ တင်ပို့ရောင်းချမည့် ကျွန်းနှင့် သစ်မာသစ်လုံးများအား သိုလှောင် ထိန်းသိမ်းခြင်း၊ အတန်းအစားခွဲခြား၍ လပ်ပုံများပြုစုခြင်း စသည့် လုပ်ငန်းများကို စီမံကွပ်ကဲဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနပိုင် သစ်ဆိပ်များ၏ တည်နေရာ၊ အကျယ်အဝန်း နှင့် သစ်သိုလှောင်နိုင်သည့် တန်ပမာဏတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

export faq02

မေးခွန်း(၁၆)။ ။ သစ်လုံးကုန်ကြမ်းများမည်ကဲ့သို့ဝယ်ယူ ရရှိနိုင်ပါသနည်း။

အဖြေ ။ ။မြန်မာ့သစ်လုပ်ငန်း၊ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ ကြို့ကုန်း (တော်ဝင်ခန်းမ)တွင် လစဉ်ကျင်းပပြုလုပ်သော Open Tender/ Special Open Tender တို့တွင် ဝင်ရောက်ယှဉ်ပြိုင် ဝယ်ယူနိုင်ပါသည်။ လပ်ပုံအလိုက်အမြင့်ဆုံးစျေးပေးသူကိုထိုတင်ဒါခန်းမ၌ပင်တပြိုင်တည်းပွင့်လင်းမြင်သာစွာ ကြေညာ ရောင်းချ ပေးပါသည်။

မေးခွန်း(၁၇)။ ။ကုန်ကြမ်းသစ်လုံးများကို ရောင်းချပေးရန် ရှိ/မရှိ သိလိုပါသည်။

အဖြေ။   ကုန်ကြမ်းသစ်လုံးများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တစ်လလျှင် (၂)ကြိမ်ခန့်ရောင်းချပေးလျက်ရှိပါသည်။

မေးခွန်း(၁၈)။ ။သစ်ဝယ်ယူသူများသည် ဘဏ်အာမခံ(Bank Guarantee) မည်သို့ထားရမည်နည်း။

အဖြေ ။ တင်ဒါ / အိတ်ဖွင့်တင်ဒါအတွက် ပြည်ပကုမ္ပဏီများမှ US$ 10000/-၊ ပြည်တွင်းကုမ္ပဏီများမှ US$ 5000/- ထားရှိရပါမည်။  မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB) တွင် ထားရှိရပါသည်။

© 2024   Myanma Timber Enterprise. All Rights Reserved.