
ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန

ပြည်တွင်းရောင်းဝယ်ရေး နှင့် သစ်စက်ဌာနသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာ့သစ်လုပ်ငန်း၏ ဌာနကြီး(၈)ခုအနက်တစ်ခုအပါအဝင်ဖြစ်ပြီး သစ်ထုတ်ရေးဌာနကြီးမှ လက်ခံရရှိသော သစ်လုံးများကိုခွဲစိတ်၍ သစ်ခွဲသားများထုတ်လုပ်ကာ ပြည်တွင်းဝင်ငွေ များ ကို ရှာဖွေလျက် ရှိပါသည်။ ပြည်တွင်းသုံး သစ်ခွဲသား ခွဲစိတ်ခြင်းလုပ်ငန်းကို ပြည်နယ်/တိုင်း ဒေသကြီး အသီးသီးရှိ သစ်စက်များဖြင့် လည်ပတ်ဆောင်ရွက်ပြီး၊ နိုင်ငံတော် စီမံကိန်းများ၊ တပ်မတော် သစ်ခွဲသားလိုအပ်ချက်၊ မြန်မာ့ မီးရထား ဇလီဖား၊ သဘာဝဘေး ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ပြည်သူများအတွက် လိုအပ်သောသစ်ခွဲသားများကို ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးရှိ သစ်စက်/သစ်ဆိုင် များမှ ဖြန့်ဖြူး ရောင်းချပေးလျက် ရှိပါသည်။

ပုံမှန် ဖြန့်ဖြူးရောင်းချပေးခြင်းအပြင် သစ်လုံး/ရောင်းတန်းဝင် သစ်ခွဲသား၊ ရွေးကျန်/အတို အသေးများအားပြည်နယ်/တိုင်းဒေသကြီးအသီးသီးတွင်ဈေးပြိုင်/အိတ်ဖွင့်လေလံဆောင်ရွက် ၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

တိုင်းဒေသကြီးအလိုက် အိတ်ဖွင့်လေလံဆောင်ရွက်မည့် နေရာများနှင့် ဖုန်းနံပါတ်များ

 

နေပြည်တော်ကောင်စီနယ်မြေ

လေလံဖွင့်လှစ်မည့်နေရာ - ပျဉ်းမနားသစ်ဆိုင် ရိပ်သာခန်းမ၊ နေပြည်တော် ဆက်သွယ်ရန်ဖုန်း - ဝ၆၇-၂၂ဝ၄ဝ

 

ကယားပြည်နယ်

လေလံဖွင့်လှစ်မည့်နေရာ - မန်နေဂျာ (ပြည်တွင်းရောင်း/စက်)၊တာဝန်ခံရုံး၊ လွိုင်ကော်မြို့

ဆက်သွယ်ရန်ဖုန်း - ဝ၈၃- ၂၁ဝ၄၅

 

ကရင်ပြည်နယ်

လေလံဖွင့်လှစ်မည့်နေရာ - (ပြည်တွင်းရောင်း/စက်)ရုံး၊ အမှတ်(၁၆)သစ်စက်ဝင်း၊ (၄)ရပ်ကွက်၊ ကမ်းနားလမ်း၊ ကရင်ပြည်နယ်

ဆက်သွယ်ရန်ဖုန်း - ဝ၅၈- ၂၁ဝ၇၉

 

စစ်ကိုင်းတိုင်းဒေသကြီး

လေလံဖွင့်လှစ်မည့်နေရာ - စကားဝါခန်းမ၊အမှတ်(၇၅)သစ်စက်၊အိုးဘိုတောင်ရပ်၊မုံရွာမြို့

ဆက်သွယ်ရန်ဖုန်း - ဝ၇၁- ၂၂၆၈၀

 

ပဲခူးတိုင်းဒေသကြီး(အရှေ့)

လေလံဖွင့်လှစ်မည့်နေရာ - ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊တောင်ငူမြို့။

ဆက်သွယ်ရန်ဖုန်း - ၀၅၄- ၂၃၀၃၄

 

ပဲခူးတိုင်းဒေသကြီး(အနောက်)

လေလံဖွင့်လှစ်မည့်နေရာ - လက်ထောက်အထွေထွေမန်နေဂျာ၊ (ရောင်း/စက်မှူး)ရုံး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်မြို့။

ဆက်သွယ်ရန်ဖုန်း - ဝ၅၃- ၂၇၁၈၁

 

မကွေးတိုင်းဒေသကြီး

လေလံဖွင့်လှစ်မည့်နေရာ - လက်ထောက်အထွေထွေမန်နေဂျာ၊ (ရောင်း/စက်မှူး)ရုံး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့။

ဆက်သွယ်ရန်ဖုန်း - ၀၆၃-၂၈၃၄၇

 

မန္တလေးတိုင်းဒေသကြီး

လေလံဖွင့်လှစ်မည့်နေရာ - အမှတ်(၁၀၃)သစ်စက်၊ ရှင်းလင်းဆောင်၊ အမရပူရမြို့။

ဆက်သွယ်ရန်ဖုန်း - ဝ၂- ၇၀၃၇၁၊ ဝ၂- ၇၀၄၅၆

 

မွန်ပြည်နယ်

လေလံဖွင့်လှစ်မည့်နေရာ - မန်နေဂျာ(ပြည်တွင်းရောင်း/စက်)ရုံး၊မုပွန်ရပ်၊အောက်လမ်းမကြီး၊ မော်လမြိုင်မြို့။

ဆက်သွယ်ရန်ဖုန်း - ဝ၅၇- ၂၇ဝဝ၄

 

ရခိုင်ပြည်နယ်

လေလံဖွင့်လှစ်မည့်နေရာ - မန်နေဂျာ(ပြည်တွင်းရောင်း/စက်)ရုံး၊ ရခိုင်ပြည်နယ်

ဆက်သွယ်ရန်ဖုန်း - ဝ၄၃- ၆၅၃၂၃

 

ရန်ကုန်တိုင်းဒေသကြီး

လေလံဖွင့်လှစ်မည့်နေရာ - ရန်ကုန်တိုင်းဒေသကြီး၊ လေလံခန်းမ၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်ဖုန်း - ဝ၁- ၂၉ဝ၃ဝ၁

 

ရှမ်းပြည်နယ် (တောင်ပိုင်း)

လေလံဖွင့်လှစ်မည့်နေရာ - မန်နေဂျာ (ပြည်တွင်းရောင်း/စက်) ၊ တောင်ကြီးမြို့။

ဆက်သွယ်ရန်ဖုန်း - ဝ၈၁- ၂၁၂၁ဝ၆၇

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)

လေလံဖွင့်လှစ်မည့်နေရာ - ဒုတိယအထွေထွေမန်နေဂျာပြည်နယ်ရုံး၊အစည်းအဝေးခန်းမ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)

ဆက်သွယ်ရန်ဖုန်း - ဝ၈၂- ၂၃ဝ၄ဝ

 

ဧရာဝတီတိုင်းဒေသကြီး

လေလံဖွင့်လှစ်မည့်နေရာ - တောင်သရက်ခန်းမ၊ လက်ထောက်အထွေထွေမန်နေဂျာ(ရောင်း/စက်မှူး)ရုံး ၊ ထုံးဘို၊ ကမ်းနားလမ်း၊ ပုသိမ်မြို့။

ဆက်သွယ်ရန်ဖုန်း - ဝ၄၂- ၂၄၆၉၁

 

တနင်္သာရီတိုင်းဒေသကြီး

လေလံဖွင့်လှစ်မည့်နေရာ - တနင်္သာရီတိုင်းဒေသကြီး(ပြည်တွင်းရောင်း/စက်)ရုံး၊မြိတ်မြို့။

ဆက်သွယ်ရန်ဖုန်း - ဝ၅၉- ၂၁၁၂၇

 

ကချင်ပြည်နယ်

လေလံဖွင့်လှစ်မည့်နေရာ - ကချင်ပြည်နယ်(ပြည်တွင်းရောင်း/စက်)မန်နေဂျာရုံး၊ မြစ်ကြီးနားမြို့။

ဆက်သွယ်ရန်ဖုန်း - ဝ၇၄- ၂၂၃၅၂

 

မှတ်ချက်။ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာ ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ ပြည်နယ်/ တိုင်းဒေသကြီးများတွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

မြန်မာ့သစ်လုပ်ငန်း ၊ ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန

အိတ်ဖွင့်လေလံစည်းကမ်းချက်များ

သစ်လုံး/ခွဲသားများ အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ အား သစ်စက် တစ်စက်ချင်း အလိုက် အောက်ပါအတိုင်း သတ်မှတ်ဆောင်ရွက်သွားပါမည်-

      • (၁) သစ်လုံး/ခွဲသားများကို မျက်မြင်အ‌ခြေအနေအတိုင်း တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ မြန်မာ့သစ်လုပ်ငန်း၊ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနတွင် အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချမည် ဖြစ်ပါသည်။
      • (၂) မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းမဟုတ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်။
      • (၃) နိုင်ငံခြားသို့ တင်ပို့ခွင့် လုံးဝ(လုံး၀)ခွင့်မပြု၊
      • (၄) လပ်ပုံများကို လေလံစျေးနှုန်း တင်သွင်းလိုသူသည် သတ်မှတ်ထားသော လေလံ လျှောက်လွှာ ပုံစံတွင်ဖြည့်စွက်၍ သမာဓိအာမခံကြေးငွေ (Earnest Money)အား ဒေသ/သစ်စက်ကြီးမန်နေဂျာများသို့ လွှဲပြောင်းထုတ်ယူနိုင်ရန် ဖော်ပြထားသည် အာမခံ “ချက်” (Payment Order) ဖြင့် သတ်မှတ် ရက်အတိုင်း ကြိုတင်ပေးသွင်းရမည်။

                    တင်ဒါတင်သွင်းမည့် သစ်လုံး/ခွဲသားတန်        သမာဓိအာမခံကြေး(Earnest Money)

           

                    ၁-၅၀  တန်                                                 ၁၀ သိန်း

                 

                    ၅၀-၁၀၀ တန်                                               ၁၅ သိန်း

           

                    ၁၀၀-၁၅၀ တန်                                             ၂၀ သိန်း

           

                    ၁၅၀-၂၀၀ တန်(နှင့်အထက်)                          ၂၅ သိန်း

      • (၅) တင်ဒါမအောင်မြင်သူများအား တင်ဒါဖွင့်လှစ်သည့်နေ့မှ (၇)ရက်အတွင်း အာမခံ “ချက်” (Payment Order) များ ပြန်လည်ထုတ်ပေးမည်။
      • (၆) သာမန်အားဖြင့် ကြမ်းခင်းစျေးထက် ကျော်လွန်သော အမြင့်ဆုံးစျေးပေးသူအား ရောင်းချမည်။
      • (၇) လေလံအောင်မြင်သူသည် ကျသင့်ငွေအားလုံးကို လေလံအောင်မြင်သည့်နေ့မှ (၁၅)ရက် အတွင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်း/ဒေသ/ သစ်စက်ကြီးများတွင် အပြီးသွင်းရမည်။
      • (၈) သတ်မှတ်ရက်အတွင်း ငွေအကျေအလည်ပေးသွင်းခြင်း မပြုသူအား သစ်လုံး/ခွဲသားများ ဝယ်ယူခွင့်ကို ဖျက်သိမ်းကာ ပေးသွင်းပြီးဖြစ်သည့် သမာဓိအာမခံကြေး အားလုံးကို မြန်မာ့သစ်လုပ်ငန်းပိုင်အဖြစ် သိမ်းယူမည်ဖြစ်ပါသည်။
      • (၉) လေလံအောင်မြင်ပြီးနောက် သစ်မာသစ်လုံး/ခွဲသားများအား (၂၁)ရက်အတွင်း လည်းကောင်း၊ ကျွန်းသစ်လုံး/ခွဲသားများအား (၄၅)ရက်အတွင်း လည်းကောင်း၊ တင်ဒါလပ်ပုံများကို ပြီးပြတ်ကုန်စင် အောင်ထုတ်ယူရမည် ထုတ်ယူခြင်းမပြုနိုင်သော လပ်ပုံ(၁)ပုံအတွက် တစ်ရက်လျှင်ကျပ် (၃၀၀၀/) (ကျပ်သုံးထောင် တိတိ) နှုန်း ရက်လွန်ကြေးပေး ဆောင်ရမည်။
      • (၁၀) လေလံအောင်မြင်သည့်နေ့မှ (၄၅)ရက်(တစ်လခွဲ)အတွင်း သစ်လုံး/သစ်ခွဲသားလပ်ပုံများ သယ်ယူနိုင်ခြင်းမရှိပါက လေလံအောင်မြင်ခြင်းအား ပယ်ဖျက်၍ ပေးသွင်းပြီး ငွေများအား နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းယူမည်ဖြစ်ပြီး ပယ်ဖျက်ခြင်း ခံရသည့် လပ်ပုံများအား နောင်လေလံများတွင် ထည့်သွင်း ရောင်းချ သွားမည် ဖြစ်ပါသည်။
      • (၁၁) လေလံလပ်ပုံ(၁)ပုံကို (၁)ကြိမ်တည်းဖြင့် အပြီးအပြတ်ထုတ်ယူရမည်။
      • (၁၂) လေလံတင်သွင်းသူ၏ လေလံစျေးပေးသွင်းမှု ပုံစံတွင် ဖော်ပြထားသည့် နေရပ်လိပ်စာ ဖြင့်သာ သစ်လုံး/သစ်ခွဲသားပြေစာများ ဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။
      • (၁၃) လေလံအောင်မြင်၍ ဝယ်ယူခွင့်ရရှိပြီးနောက် ယင်းလပ်ပုံများအတွက် ရန်သူမျိုးငါးပါး ဖျက်စီးမှုအန္တရာယ်ကို မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ယူမည် မဟုတ်ပါ။
      • (၁၄) ဝယ်ယူသူမှ လပ်ပုံများကို သယ်ယူရန် အလုပ်သမားသုံးစွဲမှု အတွက် သစ်စက်မှ လပ်ပုံ ထိုင်လုပ်သားများကို သတ်မှတ်စျေးနှုန်း ပေးချေ၍ လုပ်ကိုင် ဆောင်ရွက်ရမည်။

ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန

© 2024   Myanma Timber Enterprise. All Rights Reserved.