
သစ်အခြေခံစက်မှုလုပ်ငန်းဌာန FAQ

မေးခွန်း(၁)။ ။ပရိဘောဂနှင့် အခြားသစ်အခြေခံထုတ်ကုန်များကို ပြည်သူများအနေဖြင့် မည်သို့ ဝယ်ယူနိုင်ပါသနည်း။

အဖြေ ။ ။သစ်အခြေခံစက်မှုလုပ်ငန်းဌာနတွင် ပရိဘောဂများကို အမှတ်(၁)ပရိဘောဂ စက်ရုံ(အလုံ)မှ ထုတ်လုပ်ပါသည်။ အဓိကအားဖြင့် ရုံးသုံး၊ ကျောင်းသုံး ပရိဘောဂများဖြစ်ပြီး အစိုးရဌာနများနှင့် ကျောင်းများသို့ အမှာစာအရရောင်းချ ပေးပါသည်။ ပရိဘောဂများမှာ ပုံသေဒီဇိုင်းများဖြစ်ပြီး သီးခြားဒီဇိုင်းကို မှာကြား လိုပါက ကိစ္စရပ်အလိုက် ညှိနှိုင်းဆောင်ရွက် ပေးပါသည်။ အိမ်သုံးပရိဘောဂများကို ပြည်သူများအနေဖြင့် ဝယ်ယူလိုပါက ဝန်ကြီးဌာနသို့ လျှောက်ထား၍ဖြစ်စေ၊ ပရိဘောဂပြပွဲများတွင် တိုက်ရိုက်ဖြစ်စေ၊ အမှာစာပေး၍ဖြစ်စေ မှာကြားဝယ်ယူနိုင်ပါသည်။ ပရိဘောဂပြပွဲများကို နှစ်စဉ် ဧပြီလနှင့် အောက်တိုဘာလများတွင် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ဦးစီးကျင်းပလျက်ရှိပါသည်။ အခြားသစ်အခြေခံ ထုတ်ကုန်များအတွက်လည်း အလားတူဖြစ်ပါသည်။

မေးခွန်း(၂)။ ။ပုဂ္ဂလိကကုမ္ပဏီ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးသည် မြန်မာ့သစ်လုပ်ငန်းမှ သစ်အခြေခံ ထုတ်ကုန်များကို ပြည်ပ တင်ပို့ရန် ဝယ်ယူနိုင်ပါသလား။

အဖြေ ။ ။မြန်မာ့သစ်လုပ်ငန်းလက်အောက်ရှိ စက်ရုံများမှ ထုတ်လုပ်သော ပရိဘောဂများမှာ ပြည်တွင်းသုံးအဓိကဖြစ်ပါသည်။ အခြားသစ်အခြေခံထုတ်ကုန်များနှင့် ပတ်သက်၍ ယင်း ပစ္စည်းများကို စက်ရုံအလိုက် ကုန်ထုတ်လုပ်မှုအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းအစီအစဉ် ဖြင့် သဘောတူစာချုပ်အရ ထုတ်လုပ်မှု၏ ၉၀% ကို ပူးပေါင်းကုမ္ပဏီသို့ ရောင်းချပေးပြီး ကျန် ၁၀% ကိုသာ အစိုးရစီမံကိန်းလိုအပ်ချက်များ ဖြည့်ဆည်းရန် မြန်မာ့သစ်လုပ်ငန်းမှ ရယူပါ သည်။ ထို့ကြောင့် ယင်းကုန်ပစ္စည်းများကို အများအပြားဝယ်ယူရေးကိစ္စအတွက် သက်ဆိုင်ရာ ပူးပေါင်းကုမ္ပဏီနှင့် ဆွေးနွေးညှိနှိုင်းမှုပြုနိုင်ရန် ဆက်သွယ်ပေးမည်ဖြစ်ပါသည်။

မေးခွန်း(၃)။ သစ်အချောထည်ထုတ်လုပ်ခြင်းတွင် ရင်းနှီးမြှုပ်နှံရန် လုပ်ထုံးလုပ်နည်းများ မည်သို့ ရှိပါသလဲ။ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ရင်းနှီးမြှုပ်နှံသူအား မည်သည့်အကူအညီပေးနိုင်ပါ သလဲ။

အဖြေ ။ ။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်နှင့် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေ (မူကြမ်း) တို့အရ သစ်အချောထည်ထုတ်လုပ်ခြင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းများမှာ-

  • (က) ၁၀၀%ရင်းနှီးမြှုပ်နှံမှုအတွက်ဖြစ်ပါက မှတ်ပုံတင်ထားသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေတွင်ပူးတွဲပါရှိသည့် ပုံစံ(၁)ဖြင့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခြင်း။
  • (ခ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဥပဒေနှင့်အညီ စိစစ်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို တောင်းခံမည်ဖြစ်ရာ မြန်မာ့သစ်လုပ်ငန်းအား အဆိုပြုလွှာကို စိစစ်သုံးသပ်ပြီး သဘောထားမှတ်ချက်ကို ဝန်ကြီးဌာနသို့ တင်ပြစေခြင်း။
  • (ဂ)သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာအချက်များနှင့် စပ်လျဉ်းသည့် သဘော ထားမှတ်ချက်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တင်ပြခြင်း။
  • (ဃ)မြန်မာ့သစ်လုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ပါက အဆိုပြုလွှာတွင် အောက်ပါအထောက်အထားများပူးတွဲတင်ပြရပါမည်-
    • (၁) ဖက်စပ်လုပ်ငန်းစာချုပ်
    • (၂) မြေငှားစာချုပ်
    • (၃) သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ
    • (၄) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ
    • (၅) အခြားလိုအပ်သည့် စာရွက်စာတမ်းများ

ယေဘုယျအားဖြင့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုသူသည် ဖြစ်နိုင်ခြေလေ့လာသုံးသပ်ခြင်းကို မြန်မာ့ သစ်လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ပါက လုပ်ငန်းများ မြန်ဆန်၊ သွက်လက် ချောမွေ့မည် ဖြစ်ပါသည်။

မေးခွန်း(၄)။မြန်မာနိုင်ငံ၏သစ်အခြေခံစက်မှုလုပ်ငန်းကဏ္ဍတွင် မည်သည့် နည်းလမ်းများဖြင့်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ပါသနည်း။

2   ၂၀၁၂ခုနှစ်၊နိုဝင်ဘာလ(၂)ရက်နေ့တွင် ပြဌာန်းခဲ့သော ပြည်ထောင်စုလွတ်တော် ဥပဒေ အမှတ် ၂၁/၂၀၁၂ ၏အပိုဒ်(၅)တွင်ဖေါ်ပြချက်အရ၊ သစ်အခြေခံစက်မှု လုပ်ငန်း ကဏ္ဍတွင်ရင်းနှီး မြှုပ်နှံမှုဆောင်ရွက်ခြင်းအား အောက်ပါနည်းလမ်း များအရဆောင်ရွက် နိုင်ပါသည်

     (က)   မြန်မာ့သစ်လုပ်ငန်း၏သစ်အခြေခံစက်မှုလုပ်ငန်းများတွင် နိုင်ငံခြားသား က          

               နိုင်ငံခြားရင်းနှီးမတည်ငွေအပြည့်ဖြင့် (၁၀၀%) ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခြင်း

     (ခ )   နိုင်ငံခြားသားသို့မဟုတ်နိုင်ငံသားနှင့် မြန်မာ့သစ်လုပ်ငန်းတို့ အကြား ဖက်စပ်  

              ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်း

     (ဂ)    မြန်မာ့သစ်လုပ်ငန်းနှင့်ရင်းနှီးမြုပ်နှံသူတို့ နှစ်ဉီးနှစ်ဖက် ပဋိညာဉ်စာချုပ်ပါစနစ်

              တစ်ခုဖြင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်း

မေးခွန်း(၅)။ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်သော သစ်အခြေခံစက်မှု လုပ်ငန်းများအတွက် မည်သို့သော ပံ့ပိုးမှုများဆောင်ရွက် ပေးပါ သနည်း။

     ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်သော သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် သစ်ကုန်ကြမ်းအားလိုအပ်သရွေ့ဝယ်ယူရရှိ နိုင်စေရန် မြန်မာ့သစ်လုပ်ငန်း၏ ရန်ကုန်ရုံးချုပ်တွင် အိပ်ဖွင့်တင်ဒါနှင့်အထူးအိပ်ဖွင့်တင်ဒါများကို လစဉ်စီစဉ်ရောင်းချ ပေးလျှက်ရှိပါသည်။ 

မေးခွန်း(၆)။ပြည်တွင်းပြန်လည်ခွဲစိတ်ထုတ်လုပ်သော သစ်အခြေခံစက်ရုံများအတွက် သစ်ကုန်ကြမ်းအား မည်ကဲ့သို့ ဝယ်ယူရရှိနိုင်ပါသနည်း။

 

ပြည်တွင်းသစ်ကုန်ကြမ်းလိုအပ်ချက်သည် ပြည်ပတင်ပို့ရန်သစ်ပို့ကုန်ထုတ်လုပ်ခြင်းနှင့်

ပြည်တွင်း သုံးစွဲရန်ထုတ်လုပ်ခြင်းများအပေါ် အခြေခံလျှက်ရှိပါသည်။မြန်မာ့သစ်လုပ်

ငန်းသည် မြန်မာနိုင်ငံအတွင်းသစ်အခြေခံစက်မှုလုပ်ငန်းများဆောင်ရွက်သည့် ပြည်တွင်း/ 

 ပြည်ပရင်းနှီးမြုပ်နှံသူများနှင့် လုပ်ငန်းရှင်များကို အားပေးကူညီလျှက်ရှိပါသည်။

ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်သည်သာမက၊ပြည်ပတင်ပို့ရောင်းချနိုင်သည့်အထိ

ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍  ပြည်တွင်းပြန်လည်ခွဲစိတ်ထုတ်လုပ်သော သစ်အခြေ

ခံစက်ရုံများအတွက် သစ်ကုန်ကြမ်းအား မြန်မာ့သစ်လုပ်ငန်းထံမှ အောက်ပါနည်း

လမ်း(၅)သွယ်ဖြင့်ဝယ်ယူရရှိနိုင်ပါသည်-

(၁)     မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်)၌ လစဉ်ကျင်းပသော တင်ဒါနှင့် အိတ်ဖွင့်တင်ဒါများ

            တွင်ကျွန်း/သစ်မာသစ်လုံးနှင့်ခွဲသားများအား ဝင်ရောက်ယှဉ်ပြိုင်ဝယ်ယူနိုင်ပါသည်။

(၂)     နယ်တွင် ပြည်ပရောင်းတန်းမဝင် အင်/ကညင်သစ်လုံးများကို Open  Tender (Ex-site)

           ဖြင့် လည်းကောင်း၊ ဖမ်းဆီးနှင့်နှစ်ဟောင်းသစ်မျိုးစုံကို Open Tender (Ex-site) ဖြင့်

          လည်းကောင်း ရောင်းချပေးလျက်ရှိရာ လွတ်လပ်စွာယှဉ်ပြိုင်ဝယ်ယူနိုင်ပါသည်။

(၃)     ပြည်ပရောင်းတန်းဝင် ကျွန်း/သစ်မာသစ်လုံးများကိုလည်း FOB ​စျေးဖြင့် ရွေးချယ်

           ဝယ်ယူပြီး Reprocess  လုပ်နိုင်ပါသည်။

      (၄)    ရန်ကုန် / နယ် သစ်ဆိပ်များရှိ လွတ်ကင်း လက်ကျန်သစ်လုံးများအားစက်မှုကုန်ကြမ်း

                အဖြစ်အသုံးပြုလိုပါက ဖြည့်ဆည်းရောင်းချပေးပါသည်။

      (၅)    ၂၀၁၄ခုနှစ်၊ ဧပြီလ(၁)ရက်နောက်ပိုင်း သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်း ပြီးပါက

               ထုတ်လုပ်ထွက်ရှိလာသော သစ်အားလုံးကို သစ်အခြေခံစက်မှု လုပ်ငန်းများ အတွက်

               စက်မှုကုန်ကြမ်းနှင့် ပြည်တွင်းသုံး သစ်အဖြစ်သာ ဖြည့်ဆည်းပေးသွားပါမည်။

© 2024   Myanma Timber Enterprise. All Rights Reserved.