လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် (၂) ပျဉ်းမနား
ရည်ရွယ်ချက်
- ယာဉ်ယန္တရားများ မောင်းနှင်ထိန်းသိမ်းမှု အဆင့်ဆင့်တွင်ကျွမ်းကျင်သော ဝန်ထမ်းများစဉ်ဆက်မပြတ် မွေးထုတ်နိုင်စေရန်။
- စက်ပြင်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဘက်စုံတိုးတက်လာစေရန်။
- အတတ်ပညာပါမက အသိပညာပါတစ်ပြိုင်တည်း ဖွံ့ဖြိုးလာစေရန်။
နောက်ခံသမိုင်း
- တည်နေရာ - နေပြည်တော် ပျဉ်းမနား
- အကျယ်အဝန်း - ၂၈.၂၄ ဧက
- တည်ထောင်သည့်နှစ် - ၁၉၆၃ခုနှစ်
- မည်သည့် အစီအစဉ် - မြန်မာ့သစ်လုပ်ငန်း
ဖွင့်လှစ်သင်ကြားနေသော သင်တန်းများ
- သစ်တိုက်ယာဉ်မောင်းအခြေခံသင်တန်းကာလ ( ၈ ) ပါတ်
- သစ်တိုက်ယာဉ်မောင်းမွမ်းမံသင်တန်းကာလ ( ၈ ) ပါတ်
- လမ်းဖောက်စက် ( ဒိုဇာ ) မြေထိုး / မြေညှိ အခြေခံသင်တန်းကာလ ( ၈ ) ပါတ်
- လမ်းဖောက်စက် ( ဒိုဇာ ) မြေထိုး / မြေညှိ မွမ်းမံသင်တန်းကာလ ( ၈ ) ပါတ်
- သစ်သင်စက် ( လိုဒါ ) သစ်ဆွဲ / သစ်တင် အခြေခံမွမ်းမံသင်တန်းကာလ ( ၈ ) ပါတ်
- ယာဉ်မောင်းစက်ပြင်သင်တန်းကာလ ( ၈ ) ပါတ်