ဆင်များထိန်းသိမ်းခြင်းနှင့်လုပ်ငန်းဆိုင်ရာလမ်းညွှန်များအကျဉ်းချုပ်

ဆင်များထိန်းသိမ်းခြင်းနှင့်လုပ်ငန်းဆိုင်ရာလမ်းညွှန်များအကျဉ်းချုပ်

 

မြန်မာ့ဆင်များသည် သစ်ထုတ်ရေးဌာန၏ အခြေခံသစ်ထုတ်အင်အားစုများဖြစ်သည့်အပြင် ဆင်ဖြင့် ငုတ်ထုတ်သစ်ဆွဲခြင်းဆောင်ရွက်နေသည်ကပင်လျှင် စက်ယန္တရားကြီးများ အသုံးပြုခြင်းထက် ပတ်ဝန်းကျင် ထိခိုက်မှုကို အဆပေါင်းများစွာ သက်သာစေပါသည်။ ဆင်ဖြင့်သစ်ထုတ်ခြင်းသည် ပတ်ဝန်းကျင် ထိခိုက်မှုကိုသက်သာစေသော သစ်ထုတ်ခြင်းနည်းစနစ် အသုံးပြုရန် မူဘောင်များနှင့် ကိုက်ညီလျှက်ရှိပါသည်။

သစ်ထုတ်ရေးဌာနလက်အောက်ရှိ ဝန်ထမ်းများအနေဖြင့် ဆင်နှင့်ပတ်သတ်သည့် သွင်ပြင် လက္ခဏာ၊ ဆင်များအား ထိန်းကျောင်းစောင့်ရှောက်နေသော ဆင်ဝန်ထမ်းများ၏ တာဝန်ဝတ္တရားများ၊ ဝန်တင် ခရီးသွားလာရာနှင့် လုပ်ငန်းခိုင်းစေရာ၌ လိုက်နာရမည့်အချက်များနှင့် လိုအပ်သောကိရိယာ တန်ဆာပလာများ တပ်ဆင်အသုံးပြုပုံများ၊ ဆင်များ၏ ကျန်းမာရေးနှင့်ပတ်သတ်၍ စစ်ဆေးနည်းနှင့် ထိန်းသိမ်း စောင့်ရှောက် ပုံနည်းစနစ်များအား သိရှိစေရန်အတွက် ဆင်များထိန်းသိမ်းခြင်းနှင့် လုပ်ငန်း ဆိုင်ရာလမ်းညွှန်များထုတ်ပြန်၍ လိုက်နာဆောင်ရွက်စေခဲ့ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် သစ်ထုတ်ရေးဌာနလက်အောက်ရှိ ဝန်ထမ်းများအားလုံး ဆင်များ ထိန်းသိမ်းစောင့်ရှောက်ရာ၌ သိရှိလိုက်နာကျင့်သုံးနေရသည့် " ဆင်များထိန်းသိမ်းခြင်းနှင့် လုပ်ငန်းဆိုင်ရာ လမ်းညွှန်များအကျဉ်းချုပ် " ကို ဖတ်ရှုလေ့လာသိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

Download.

© 2024   Myanma Timber Enterprise. All Rights Reserved.